ဆွမ်ပရာဘွမ်မြို့၌ နွေရာသီကျောင်းပိတ်ရက် မြန်မာ့အားကစားကရာတေးသင်တန်း လေ့ကျင့်သင်ကြားပေး

ဆွမ်ပရာဘွမ် မတ် ၁၀ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့အားကစားကရာတေးသင်တန်း ဖွင့်လှစ်သင်ကြား ခြင်းကို မတ်လ ၈ ရက်နေ့မှ စတင်ကာ ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်(KBC)ဘုရားကျောင်းဝင်း၌ ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါသင်တန်းကို နှစ်ခြင်းအသင်းတော်(KBC)ကျောင်းမှ နွေရာသီကျောင်းပိတ်ရက် အားကစားသင်တန်း အဖြစ် ကိုယ်လုံပညာဖြင့် သက်လုံကောင်းစေရန်​၊ မြန်မာ့အားကစား အဆင့်အတန်း မြင့်မားလာစေရန်ရည်ရွယ် လျက် မတ်လ ၈ ရက်နေ့မှ စတင်ကာ ဆွမ်ပရာဘွမ် မြို့ပေါ်(၃)ရပ်ကွက်မှ ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးတို့အား သင်တန်းချိန် နံနက် ၆ နာရီမှ ၇ နာရီခွဲအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ၅ နာရီခွဲအထိ ကိုလည်းကောင်း တစ်ရက်လျှင် ၂ ချိန်နှုန်းဖြင့် သင်တန်းကာလကို နွေရာသီကျောင်းပိတ်ရက်အတွင်း သင်တန်း ဆရာ ၂ ဦးဖြင့် သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး စိတ်ဝင်စားသည့် လူငယ်များ ထပ်မံတက်ရောက်မည်ဖြစ် ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

သင်တန်းလေ့ကျင့်ရာ နေရာသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ သင်တန်းသူ၊ သင်တန်း သားများအတွက် တူညီဝတ်စုံဖြင့် သင်ကြားလေ့ကျင့်နိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး (Speed) အချိုရည်များကို ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)