ပြင်စလူမြို့တွင် Green City၊ Clean City ၊ Smart City ဖြစ်လာစေရေး စုပေါင်းသန့်ရှင်းရေးနှင့် ဆိုင်းဘုတ်စိုက်ထူခြင်းများ‌ဆောင်ရွက်

ပြင်စလူ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး (Green City၊ Clean City၊ Smart City) ဖြစ်လာစေရန်အတွက် စုပေါင်းသန့်ရှင်းရေးနှင့် ဆိုင်းဘုတ်စိုက်ထူ ခြင်းကို ယနေ့ ညနေ (၅)နာရီ အချိန်က ပြင်စလူမြို့ ပြည်ထောင်စုလမ်းမကြီး လမ်းမကြီး ဘေးဝဲ/ယာ တစ်လျှောက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြည်ထောင်စုလမ်းမကြီးနှင့် ကမ်နားလမ်းတစ်လျှောက်ရှိ လမ်းဘေးဝဲ/ယာစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာ၌ ပြင်စလူမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြင်စလူမြို့ နယ်မြေရဲတပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာန၊ မြို့ပေါ်ရပ်ကွက်အတွင်းမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက လမ်းမကြီးဘေးရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အမှိုက်များသိမ်းဆည်းခြင်း၊ အမှိုက်ကောက် စွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပြင်စလူ (ပြန်/ဆက်)