တံတားဦး မတ် ၁၀
တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများ နွေရာသီ ကျောင်းအားလပ်ရက်တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိမိတို့ စိတ်ပါဝင်စားသည့် အားကစားနည်းကို အခြေခံစနစ်တကျ တတ်မြောက်စေရန်၊ ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး စစ်တုရင်အခြေခံ ကစားနည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင် မတ်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသားများမှ စိတ်ဝင်တစား တက်ရောက်ကစားလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်တုရင်အခြေခံကစားနည်းသင်တန်းတွင် မြို့နယ်စစ်တုရင်လက်ရွေးစင် ကစားသမားဟောင်း များမှ လက်တွေသင်ကြားပို့ချ ပေးလျက်ရှိပြီး အလားတူဘောလုံးသင်တန်း၊ ဘော်လီဘောသင်တန်း၊ စစ်တုရင်သင်တန်း၊ စားပွဲတင်တင်းနစ်နှင့် Fitness Dance သင်တန်းများတွင်လည်း သင်တန်းသား၊ သင်တန်းသူများက စိတ်ဝင်တစား တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် အဆိုပါ သင်တန်းများကို ၂၀၂၃-ခုနှစ် မတ်လ(၁၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အကစားမှူး ဒေါ်ငယ်သူထွန်းထံမှ သိရသည်။
နွေရာသီ အခြေခံအားကစားနည်းသင်တန်းများဖြစ်သည့် ဘောလုံးကစာနည်းကို ဆင်ကျုံး အခြေခံမူလတန်းကျောင်းတွင်လည်းကောင်း၊ ဘောလီဘောကစားနည်းကို တစီးရှင်အားကစားကွင်း တွင်လည်းကောင်း၊ စစ်တုရင်ကစားနည်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တွင်လည်းကောင်း၊ စားပွဲတင်တင်းနစ် ကစားနည်းနှင့် Fitness Dance သင်တန်းများကို မြို့နယ်အားကစားသင်တန်းများတွင်လည်းကောင်း နေ့စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)