လပွတ္တာ မတ် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သင်တန်းသူများအား သုတ၊ ရသ၊ စာအုပ် စာစောင်များ လေ့လာဖတ်ရှုပြီး စာပေအသိအမြင်များနှင့် အတွေးအခေါ်ဗဟုသုတများ ရရှိ တိုးပွားလာစေရေးအတွက် လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင်လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစည်သူစိုးက မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ ဆူနာမီဘေးစသည့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပြီး စာသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူးဦးမြင့်ဌေးက ကုန်စည်ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးတို့နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသူအင်အား (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လပွတ္တာ ခရိုင် (ပြန်/ဆက်)