အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 11,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ online အမှတ်စဉ် ၁/၂၀၂၃ သင်တန်းနောက်ဆုံးနေ့ပို့ချနေမှုကို ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
Mar 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကျောင်းသားလူငယ်များမှ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်၊ သင်တန်းများ(အခမဲ့) တက်ရောက်သင်ကြားနိုင်စေရန်နှင့် လူငယ်များဖွံဖြိုးတိုး တက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာနွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များ အကျိုးပြုစေမည့် သင်တန်းများအား စဥ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိသည်။
Mar 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)နှင့် (Youth Club) အဖွဲ့ဝင်တို့ ပူးပေါင်း၍စာရေးဆရာ နတ်သျှင်(ရွှေဂူ )ရေးသားသော လူငယ်များကိုပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းချီပညာရှင်များနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံပန်းချီ၏ သဘောသဘာဝများကို သိရှိစေရန်နှင့် အင်္ဂလိပ်စာ Grammar အခြေခံကို နားလည်သိရှိစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် နွေရာသီပန်းချီ အခြေခံ သင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်း ဒုတိယနေ့ကို ယမန်နေ့ နံနက် (၉)နာရီခန့်က ဆက်လက် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
Mar 10,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။