သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးမှ တစ်ဧကလျှင်စပါးတင်း (၁၂၀)ကျော် ထွက်ရှိသည့် GW-11 စပါးမျိုးအား စိုက်ပျိုးရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ပုဗ္ဗသီရိ မတ် ၁၁

ပုဗ္ဗသီရိ​မြို့နယ်၊ ဘဲကုန်းအုပ်စုကွင်းအမှတ် (၁၆၂၃-က) သို့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးဦးလှမိုးမှ တစ်ဧကလျှင်စပါးတင်း ( ၁၂၀) ကျော် ထွက်ရှိသည့် GW-11 စပါးမျိုးအား စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး​ခြင်းကို ယမန်​နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ဆည်မြောင်းနှင့်​ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီး ဌာန(ထိန်းသိမ်းရေး)မှ ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ နေပြည်တော်လယ်ယာ​မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိ​မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပုဗ္ဗသီရိ မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက်ဘဲကုန်းမြောက်ရွာ​၊ အေးမြင့်သာယာကျေးရွာတို့မှ တောင်သူများဖြင့်တွေ့ဆုံ၍ လယ်မြေတစ်ဧကလျှင် စပါး တင်း (၁၂၀)ကျော် ​ထွက်ရှိသည့် GW-11 စပါးမျိုးအားစိုက်ပျိုးရန်၊ စပါး၏အရည်အသွေးနှင့် မြေသြဇာပေးဝေသုံးစွဲမှုတို့အား နည်းစနစ်မှန်ကန်စေရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့ရာ တောင်သူများမှ လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့​ကြောင်း သိရသည်။

သန္တာလင်း(ပြန်/ ဆက်)