ဘားအံ မတ် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းချီပညာရှင်များနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံပန်းချီ၏ သဘောသဘာဝများကို သိရှိစေရန်နှင့် အင်္ဂလိပ်စာ Grammar အခြေခံကို နားလည်သိရှိစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် နွေရာသီပန်းချီ အခြေခံ သင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်း ဒုတိယနေ့ကို ယမန်နေ့ နံနက် (၉)နာရီခန့်က ဆက်လက် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အင်္ဂလိပ်စာ Grammar သင်တန်းတွင် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာဦးစောအောင်ဘက My Self ၊ My Family အကြောင်းအရာများကို Listening ၊ Writing ၊ Speaking၊ Reading Skill များဖြင့် သင်ကြားပို့ချပေးလျက်ရှိပြီး အခြေခံပန်းချီသင်တန်းတွင် ပန်းချီဆရာဦးသစ်မင်းနှင့် ပန်းချီဆရာဦးစောထွန်းနောင်စိုးတို့က အရောင်များအကြောင်း၊ အပူအရောင်၊ အအေးအရောင်များအကြောင်းကို ဒုတိယနေ့တွင် စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပဉ္စမအကြိမ် နွေရာသီအခြေခံ ပန်းချီပညာသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၃၀)ဦးနှင့် အင်္ဂလိပ်စာ Grammar သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ(၄၇)ဦး စုစုပေါင်း (၇၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တပတ် (၃)ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)