နေပြည်တော် မတ် ၁၁
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
ရှမ်းပြည်နယ်၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရာတွင် ဟိုပန်မြို့နယ်အတွင်းရှိ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၇) ဦး၊ ပျက်ကွက်သူ (၆) ဦး၊ မောက်မယ်မြို့အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၁) ဦး၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၂) ဦး၊ ပျက်ကွက်သူ (၁၄) ဦး၊ မူဆယ်မြို့နယ်ရှိ အ.ထ.က(၂) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၇၂) ဦး၊ ပျက်ကွက်သူ (၃၀) ဦး ဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုမှု ၉၀.၁ ရာခိုင်နှုန်း၊ မိုင်းယောင်းမြို့နယ်ရှိ အ.ထ.က(မိုင်းယောင်း) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၉) ဦး၊ နမ္မတူမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၈) ဦး၊ ပျက်ကွက်သူ (၁၂) ဦး၊ ပင်းတယမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၉၈) ဦး၊ ပျက်ကွက်သူ (၃၄) ဦး၊ ကလောမြို့နယ်ရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၅၃) ဦး၊ လားရှိုးမြို့နယ်ရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၃၁) ဦး၊ တန့်ယန်းမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၂) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၀.၂၆ ရာခိုင်နှုန်း၊ နမ့်စန်မြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉၅) ဦး၊ ပျက်ကွက် (၃၄) ဦး၊ လွိုင်လင်မြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၅၁) ဦး၊ ပျက်ကွက် (၃၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၇.၇၆ ရာခိုင်နှုန်း၊ နောင်ချိုမြို့နယ်ရှိ အ.ထ.က(၁)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၉၄) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၅.၂ ရာခိုင်နှုန်း၊ နမ့်ခမ်းမြို့နယ်ရှိ အ.ထ.က(၁)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၀၀) ဦး၊ ပျက်ကွက် (၄၅)ဦး၊ ဆီဆိုင်မြို့နယ်ရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၄၁) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၈၇.၉၆ ရာခိုင်နှုန်း၊ မိုင်းဆတ်မြို့နယ်ရှိ အ.ထ.က(မိုင်းဆတ်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၈) ဦး၊ ပျက်ကွက် (၂၈) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၃.၁၃ ရာခိုင်နှုန်း၊ မိုင်းယန်းမြို့နယ်ရှိ အ.ထ.က(မိုင်းယန်း)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၇) ဦး၊ ပျက်ကွက် (၃) ဦး၊ မဘိမ်းမြို့နယ်ရှိ အ.ထ.က(မဘိမ်း)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၇) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၂.၈၆ ရာခိုင်နှုန်း၊ ညောင်ရွှေမြို့နယ်ရှိ စာစစ်ဌာန(၉) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၃၄) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၃.၉၆ ရာခိုင်နှုန်း၊ တောင်ကြီးမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၀၅၉) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၈၉ ရာခိုင်နှုန်းတို့ဖြစ်သည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ မတ်လ ၁၃ ရက်နေ့ (တနင်္လာနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။