နွေရာသီကျောင်းပိတ်ရက်၌ လူငယ်များဖွံဖြိုးတိုးတက်စေရန်အတွက် အခြေခံအင်္ဂလိပ်စာသဒ္ဓါ (Basic Grammar and Composition) သင်တန်းအားဖွင့်လှစ်မည်

သာကေတ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကျောင်းသားလူငယ်များမှ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်၊ သင်တန်းများ(အခမဲ့) တက်ရောက်သင်ကြားနိုင်စေရန်နှင့် လူငယ်များဖွံဖြိုးတိုး တက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာနွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များ အကျိုးပြုစေမည့် သင်တန်းများအား စဥ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နွေရာသီ ကျောင်းပိတ်ရက်၌ အလယ်တန်းအဆင့် ကျောင်းသားလူငယ်များအတွက် ရည်ရွယ်ကာ မတ်လ(၁၃)ရက်နေ့မှ မတ်လ(၂၄)ရက်နေ့အထိ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသဒ္ဓါ (Basic Grammar and Compositi on) သင်တန်းအား (အခမဲ့) ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခြေခံအင်္ဂလိပ်စာသဒ္ဓါ သင်တန်းအားအလယ်တန်း(ပြ)အငြိမ်းစား၊ မြို့နယ်(Book Club) နာယက ဆရာမြစိန်မှ နံနက်(၉နာရီခွဲ)မှ ၁၁နာရီခွဲအထိ ပို့ချပေးမည်ဖြစ်ပြီး စာရင်းပေးထားသည့် အလယ်တန်းအဆင့် ကျောင်းသားလူငယ်များ အပြင်တက်ရောက်လိုသည့် ကျောင်းသားလူငယ်များမှ သက်ဆိုင်ရာဌာနသို့ စာရင်းပေး တက်ရောက်နိုင်ကြောင်းနှင် သင်တန်းနောက်ဆုံးရက်၌ အခြေခံအင်္ဂလိပ်စာသဒ္ဓါ ဆန်းစစ်ချက် ဖြေဆိုရမည်ဖြစ်ကြောင်း နှင့်ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ ဆက်)