အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဝင်ရောက် ဖြေဆိုလျက်ရှိသည်။
Mar 10,2023
မ​ကွေးတိုင်း​ဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တိုင်းတာဝန်ခံ ​ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်​​သောအဖွဲ့သည် ​ချောက်မြို့တွင် ရောင်းချလျက်ရှိသည့် ဆေးမျိုးစုံဆိုင်များတွင် FDA မှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Mar 10,2023
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်၍ မျှော်မှန်းချက်အားဆောင်လျက်ရှိရာ    မန္တလေးတိုင်းဒေသကြီး၊ 
Mar 10,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် ဒေသအစီ အစဉ်ဖြင့် ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 10,2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားအား ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Mar 10,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးခရိုင်မီးသတ်စခန်း၌ ( ၂၇.၂.၂၀၂၃ ) ရက်နေ့မှ (၁၀.၃.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/ ၂၀၂၃)အား အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ လုမှုရေးအသင်းအဖွဲ့များမှ အသင်ဝင် ၂၅ ဦး၊ စုစုပေါင်း သင်တန်းသား (၅၀) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ရာ ယနေ့ ၁၀.၃.၂၀၂၃ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် သင်တန်းပြီးမြောက်၍ သင်တန်းဆင်းပွဲအခမ်းအနားအား ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ မင်းနန်သူကျေးရွာရှိ Aureum Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်က အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။