ရွှေပြည်သာမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ မြို့နယ်အေးချမ်း သာယာရေးနှင့်ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး မော်တော်ယာဉ်များအား ပူးပေါင်းကြပ်မတ်စစ်ဆေးခြင်းများဆောင်ရွက်

ရွှေပြည်သာ မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မော်တော်ယာဉ်များအား ပူးပေါင်းကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက်၊ ပုလဲလမ်းတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများသွားလာမှု အဆင်ပြေစေရန်၊ မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းသူပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်ကြောပိတ်ဆို့မှုများ လျော့ချနိုင်ရန်၊ မြို့နယ်အတွင်း ပြည်သူများဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင်မှုရှိစေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် အသိပညာပေးခြင်း၊ ဖမ်းဆီးအရေးယူခြင်း၊ မသင်္ကာသောယာဥ်များအား ရှာဖွေစစ်ဆေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ကြကြောင်း သိရသည်။

အေးမိုး (ပြန်/ ဆက်)