အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ် စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့သည်။
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ ဌာန ဆိုင်ရာများစုပေါင်း၍ လစဉ်လျှပ်စစ်မီးအတွက် ဝတ္ထုငွေများလှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀) နာရီ အချိန်ခန့်က လှူဒါန်းခဲ့ကြောင်းသိရသည်။
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ငှက်ပျောအထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်းနှင့်
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ ကျောင်းသားကျောင်းသူများက ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉နာရီက အေးချမ်းစွာ ဆက်လက်လာရောက်ဖြေဆိုကြောင်း သိရသည်။
Mar 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တောင်သူဦးစိုင်းအွမ်ခေးသည် တစ်ပိုင်တစ်နိုင် ဆူကာသီးစိုက်ပျိုးရောင်းချလျက်ရှိရာ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 14,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို၌ လမ်းတံတားဆိပ်များရှီ အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများ၊ ဝန်ထမ်းမိသားစုတို့အား အခမဲ့ ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌