နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၁ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၁ဒဿမ ၈၂ရာခိုင်နှုန်းရှိ

နမ္မတူ မတ် ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ ၁၀၁ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၁ဒဿမ ၈၂ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး ရူပဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၁၀)ဦး စာရင်းပေးသွင်းထားပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၀၁)ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၁ ဒဿမ ၈၂ရာခိုင်နှုန်းရှိကြောင်း၊ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ (၉)ဦးရှိကာ ပျက်ကွက် ရာခိုင်နှုန်း ၈ ဒဿမ ၁၈ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။

လူမော် (ပြန်/ဆက်)