ကာလိ မတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ ဌာန ဆိုင်ရာများစုပေါင်း၍ လစဉ်လျှပ်စစ်မီးအတွက် ဝတ္ထုငွေများလှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀) နာရီ အချိန်ခန့်က လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့် သန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ သွားရောက်၍ အဆိုပါ ကျောင်း၌ လျှပ်စစ်မီးအတွက် လိုအပ်လျက်ရှိသော ဝတ္တုငွေများကို လစဉ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)