မောက်မယ် မတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ ကျောင်းသားကျောင်းသူများက ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉နာရီက အေးချမ်းစွာ ဆက်လက်လာရောက်ဖြေဆိုကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်)နှင့် အခြေခံပညာအထက်တန်း ကျောင်း (ဥယာစန်း) စုစုပေါင်း ကျောင်း (၂) ကျောင်းတို့မှ အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) စာစစ်ဌာနတွင် စာရင်းရှိဖြေဆိုသူ ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၉) ဦး တို့က ရူပဗေဒဘာသာရပ်ကို တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ က မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲပြီးဆုံးသည်အထိ ဆက်လက်ဖြေဆိုနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)