မြို့သစ်မြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်

မြို့သစ် မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ် စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) တွင် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဆရာဦးတင်မောင်ဝင်း၊ ဦးမြင့်ကြည်၊ ဦးမြင့်ရွှေတို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊  ကလေးအလုပ်သမားများ၏ အသက် အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ အလုပ်ရှင်များအတွက် ကလေး သူငယ်အခွင့်အရေးဆိုင်ရာမူများနှင့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်တို့ကို ပြည်သူများ နားလည်သိရှိစေရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)