မောင်တော မတ် ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းက ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စများ၊ ယခင်နှစ် များက ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ အတာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် ပျော်ရွင် အောင်မြင်စွာ ကျင်းပပေးနိုင်ရန်အတွက် အစီအမံများအား ကြိုတင်ရှင်းလင်းတင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အခြေအနေများ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေး တင်ပြကြခဲ့ကြကြောင်း သိရ သည်။
အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)