အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 20,2025
မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စုတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၆ ရက်နေ့ နေ့လယ်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ခန်းမ၌ ကျင်းပခဲ့သည်။
Jun 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအား လှူဒါန်းသည့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကို ဇွန် ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
Jun 20,2025
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များအား Covid 19 ရောဂါကာကွယ်ဆေး pfizer များထိုးနှံပေးခြင်းကို ဇွန်လ ၂၀ ရက်နေ့က မန္တလေး၊ အောင်မြေသာစံခရိုင်၊‌ အောင်မြေသာစံမြို့နယ်ရှိ မြို့နယ်စာရင်းစစ်ရုဲးတွင် ပြုလုပ်ကြသည်။
Jun 20,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ပညာရေး၌ထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ ဟိတဓရဖောင်ဒေးရှင်းနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြု ကလေးအထူးတရားပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက်(၉)နာရီက ကညှော်(အထက)ကျောင်း၌  ကျင်းပခဲ့သည်။
Jun 20,2025
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သန်လျင်ခရိုင်ဘဏ်ခွဲ၏ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
Jun 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင်ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များနှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်‌ပေးအပ်လှူဒါန်းပွဲနှင့် စာကြည့်တိုက်များ ရှင်သန်ရေးညှိနှိုင်းစည်းဝေးကို ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။