အင်းစိန် ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအား လှူဒါန်းသည့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကို ဇွန် ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအဖွဲ့၀င် ဦးဘိုကြည်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လှူဒါန်းရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ အင်းစိန်မြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အမှာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ အင်းစိန်မြို့နယ် အမြင်သစ်စာကြည့်တိုက်၊ မှော်ဘီမြို့နယ် မျိုးမြန်မာစာကြည့်တိုက်နှင့် မင်္ဂလာဒုံမြို့နယ် ပုလဲရတနာစာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများကို စာကြည့်တိုက်မှူးများနှင့်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်း/မြို့နယ်စာကြည့်များ ကြီးကြပ်မှုကော်မတီ၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူးများ ရပ်မိရပ်ဖများက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)