ချောင်းဆုံမြို့နယ်၌ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြု ကလေးအထူးတရားပွဲ ကျင်းပ

ချောင်းဆုံ ဇွန် ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ပညာရေး၌ထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ ဟိတဓရဖောင်ဒေးရှင်းနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြု ကလေးအထူးတရားပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက်(၉)နာရီက ကညှော်(အထက)ကျောင်း၌  ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို တက်ရောက်လာသူများမှ နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်(ပ)သုံးလုံး သာသနာပြုဟိတဓရ ဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ တရားဒေသနာတော်ခံယူနာကြားခြင်း၊ ဆရာတော်အား ဓမ္မပူဇာဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

အဆိုပါ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြု ကလေးအထူးတရားပွဲကို ဇွန်လ(၉)ရက်နေ့မှစတင်၍ ဇွန်လ (၁၇) ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်း စုစုပေါင်း (၂၃)ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)