သာကေတ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင်ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များနှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲနှင့် စာကြည့်တိုက်များ ရှင်သန်ရေးညှိနှိုင်းစည်းဝေးကို ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌ ဆရာဟိန်းလတ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယိစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်းနှင့် မြို့နယ်စာကြည်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်တို့မှ မုဒိတာစကားပြောကြားခဲ့သည်၊၊
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှူး ဦးဝင်းသိန်းမှ ရပ်ကွက်စာကြည့်တိုက်များအား လိုအပ်သည့်များ မှာကြားပြီး၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ စာကြည့်တိုက်အခြေအနေများနှင့် ဆောင်ရွက်ရန်လိုသည့်အချက်များအား ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များမှ စာကြည့်တိုက်များ၏ အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီထောက်ပံ့ပေးအပ်ခဲ့သည့် စာအုပ်တင်သံစင် တစ်စင်၊ ပလက်စတစ်ထိုင်ခုံ (၈) လုံးနှင့် သုတစာအုပ်များအား တာဝန်ရှိသူများကထပ်ဆင့် ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌများနှင့် စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)