Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jun 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ် အခြေခံပညာ မူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အခြေခံပညာ မူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jun 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ အမှတ် (၉) မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်းမြို့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းအုပ်စု၊ တာပတောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် မြို့နယ်အလိုက် ဆင့်ပွားသင်တန်းများပို့ချရာတွင် နည်းပြဆရာဖြစ်သင်တန်းနှင့် မဲရုံအလိုက် တာဝန်ထမ်းဆောင်ရမည့် မဲရုံအဖွဲ့ဝင်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ…
Jun 21,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အခြေခံပညာမူလတန်း (ကွက်သစ်အနောက်)ကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) နောက်ဆုံးနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဆက်လက်ဖြေဆို
Jun 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယ အကြိမ်) နောက်ဆုံးနေ့ (ဇွန် ၂၁ ရက်)၌ သက်ဆိုင်ရာစာစစ်ဌာန နှစ်ခုတွင် ဇီဝေဗဒနှင့် ဘောဂေဗဒဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာမူလတန်းလွန်ကျောင်း(အောင်သိဒ္ဓိ)ရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် ဆေးဝါးများ ကုသပေးခြင်း ဆောင်ရွက်
Jun 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အိုးဖိုအနောက်ရပ်ကွက်ရှိ အ.မ.က(အောင်သိဒ္ဓိ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ မိုးတွင်းကာလဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.မ.က(အောင်သိဒ္ဓိ)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ခ မ ရ (၄၀၅) တပ်ရင်းဝင်းအတွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1279
Page
1280
Page
1281
Page
1282
Current page
1283
Page
1284
Page
1285
Page
1286
Page
1287
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department