အခြေခံပညာမူလတန်းလွန်ကျောင်း(အောင်သိဒ္ဓိ)ရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့်​ ဆေးဝါးများ ကုသပေးခြင်း ဆောင်ရွက်

တွံတေး ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အိုးဖိုအနောက်ရပ်ကွက်ရှိ အ.မ.က(အောင်သိဒ္ဓိ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ မိုးတွင်းကာလဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.မ.က(အောင်သိဒ္ဓိ)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးမှ ကျောင်းသား၊ ကျောင်းသူ (၁၁၀) ဦးအား မိုးရာသီတွင်ဖြစ်ပွားတက်သော ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး ကျားလေး (၁၈) ဦး၊ မကြီး (၅) ဦး၊ မလေး (၄၂) ဦး စုစုပေါင်း (၆၅) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး စင်္ကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ရွှင်ပြုံးတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ လှူဒါန်းသော ဆေးဝါးများကိုလည်း ကျောင်းအုပ်ဆရာမကြီးအား ထပ်ဆင့်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး