ကန့်ဘလူ ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယ အကြိမ်) နောက်ဆုံးနေ့ (ဇွန် ၂၁ ရက်)၌ သက်ဆိုင်ရာစာစစ်ဌာန နှစ်ခုတွင် ဇီဝေဗဒနှင့် ဘောဂေဗဒဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာစစ်ဌာနများဖြစ်သည့် အ-ထ-က( ၁)ကန့်ဘလူတွင် ကျောင်းသား ၃၄၅ ဦး၊ ကျောင်းသူ ၄၂၂ ဦးဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ ၉၆ ရာခိုင်နှုန်းနှင့် အ-ထ-က (ထန်းကုန်း)တွင် ကျောင်းသား ၄၆ ဦး၊ ကျောင်းသူ ၅၇ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၉၉ ဒသမ ၀၃ ရာခိုင်နှုန်းရှိကြောင်းနှင့်သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)