ထန်းတပင်(ပဲခူး) ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီးက ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးနေလင်းဦးနှင့်တပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေးအတွက် လူနာများအား ကူညီပို့ဆောင်ပေးခြင်း အဆောက်အဦအတွင်းရှိ လူနာများအား ရှာဖွေကယ်ထုတ်ပေးခြင်းတို့ကို ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)