သတင်းများ

တာချီလိတ်မြို့နယ်အတွင်း Fire Hotspots များဖြစ်ပေါ်ခဲ့သည့် ကျေးရွာအုပ်စုများသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 27,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း Fire Hotspots မီးလောင်မှုများပြားခဲ့သည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကြိုးတံတားကျေးရွာသို့ ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အိမ်မဲမြို့ပြည်သူ့ဆေးရုံတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Mar 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ​မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခုတင် (၅၀) ပြည်သူ့ဆေးရုံတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
လသာမြို့နယ်တွင် ပုံမှန်တိုးချဲ့ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်
Mar 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ကြာသာပတေးနေ့တိုင်း ဆောင်ရွက်လျက်ရှိသော ပုံမှန်တိုးချဲ့ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာပေစကားဝိုင်း ကျင်းပ
Mar 27,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လွတ်လပ်‌ရေးကြိုးပမ်းမှု့သမိုင်း စာပေစကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပဲခူးတိုင်း‌ဒေသကြီး လူငယ်စင်တာ၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင်  မီးဘေးကြိုတင်ကာကွယ်‌ရေး (Demonstration) လက်တွေ့သရုပ်ပြ
Mar 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး (Demonstration) သရုပ်ပြခြင်းကို  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျုံပျော်မြို့နယ်ရုံးတွင် ယမန်နေ့ည‌နေက ဆောင်ရွက်ခဲ့သည်။
ငရုတ်ကောင်းမြို့တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် (၈) နာရီအချိန်တွင် မြို့တွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေးကြီးနှင့် လူနေရပ်ကွက်များသို့သွားရောက်၍ ပြည်သူများအား (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
လွိုင်ကော်မြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Mar 27,2026
လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၌ ၂၀၂၆ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် နွေရာသီသင်တန်းများ ဖွင့်လှစ်လျက်ရှိသည့် အခြေခံကျောင်းများနှင့် အားကစားသင်တန်းကျောင်းများ၌ အခမဲ့ဖြန့်ဝေသည်။