သတင်းများ

ခန္တီးမြို့၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ နာဂမစ်ဘာသာစကား အရေး / အပြော သင်တန်းဆင်းပွဲပြုလုပ်
Mar 27,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နာဂမစ်စာ‌ပေနှင့်ယှဉ်ကျေးမှုကော်မတီ (ဗဟို) တို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား / သူများအား အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ခန္တီး‌ဒေသသည် နာဂတိုင်းရင်းသားများ နေထိုင်ရာဒေသဖြစ်သည့်အတွက် နာဂလူမျိုးများ၏ အဓိကဘုံစကားဖြစ်သည့် နာဂမစ်ဘာသာစကားကို ရေးတတ်၊ ပြောတတ်စေရန်၊ နာဂမစ်ဘာသာစကားတတ်ကျွမ်းခြင်းဖြင့် လူမှုပေါင်းသင်းဆက်ဆံရေးကဏ္ဍများ ကျယ်ပြန့်လာစေရန်နှင့် လူငယ်များ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံနာဂမစ်ဘာသာစကား အရေး / အပြော သင်တန်းကို မတ်လ (၄) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ နံနက် (၁၁) နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ကော့မှူး)တွင် အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့် ဂျပန်စကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Mar 27,2026
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့် ဂျပန်စကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 27,2026
(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို မကွေးတိုင်းဒေသကြီးတွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားကျင်းပသည့် မြို့တော်ခန်းမသို့ ယနေ့နံနက် (၈:၃၀)အချိန်က သွားရောက်ဖြန့်ဝေပေးခဲ့သည်။
မိုင်းပန်မြို့နယ် (၈၁) နှစ်ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်း
Mar 27,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်ပိုင်းတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 27,2026
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက် (၉)နာရီက မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
သီပေါမြို့နယ်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 27,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၆ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မတ် ၂၆ ရက်နေ့ မွန်းလွှဲ (၁) နာရီက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် မြို့မဈေးစသည့်နေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Mar 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရှိ တာဝန်ရှိသူများက မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး လက်တွေ့ကိုင်တွယ်အသုံးပြု၍ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်သတိပြု ဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြော
Mar 27,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့က ကျိုင်းတုံခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ပြည်နယ်မန်နေဂျာရုံးတွင် ဆောင်ရွက်သည်။