သတင်းများ

မူဆယ်မြို့တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူ
Mar 27,2026
၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မူဆယ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Mar 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်တော်ကြီးပတ်လမ်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က အဆိုပါကန်တော်ကြီးကန်ဘောင်တွင် ကျင်းပသည်။
အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနား အလုံမြို့နယ်၌ ကျင်းပ
Mar 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်‌နေ့ မွန်းလွဲပိုင်းက အ‌ခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ ကျင်းပ
Mar 27,2026
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။
စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် စာအုပ်စာစောင်ပြသ
Mar 27,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံးမှ နွေရာသီကျောင်းပိတ်ရက် လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကာ စာကြည့်တိုက်အား အသုံးချတတ်စေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို မတ် ၂၆ ရက်က ခရိုင် Community Centre တွင် ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်၌ တပ်မတော်နေ့အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Mar 27,2026
(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဇီးကုန်းမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူ
Mar 27,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူခြင်းကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင် ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းကာ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် နွေရာသီအားကစားသင်တန်းဆင်းပွဲ တက်ရောက်
Mar 27,2026
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒေါဉခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း ရုံအမှတ်(၃)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။