အိမ်မဲမြို့ပြည်သူ့ဆေးရုံတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

အိမ်မဲ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ​မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခုတင် (၅၀) ပြည်သူ့ဆေးရုံတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း (၃၀) ဦးမှ သွေးလှူဒါန်းခဲ့ပြီး အဆိုပါသွေးလှူဒါန်းနေမှုအခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်တို့က ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအား ကြက်ဥ၊ အချိုရည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်