တိုက်ကြီးခရိုင်တွင် ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် အသက် ၈၀ ပြည့်နှင့်အထက် အငြိမ်းစားဆရာကြီးဆရာမကြီးများအား ပူးဇော်ပွဲကျင်းပ

တိုက်ကြီး အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် အသက် ၈၀ ပြည့်နှင့်အထက် အငြိမ်းစားဆရာကြီးဆရာမကြီးများအား ပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးမြဝင်းက ဖတ်ကြားသည်။ ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့()ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ခရိုင်ပညာရေးမှူးဒေါ်စန္ဒာဦးကဖတ်ကြားပြီး ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ် ခရိုင်အဆင့်စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးဆုရရှိသူများအား တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်သည်။ ထို့နောက် ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲကို‌ဆက်လက်ကျင်းပရာ အသက် ၈၀ ပြည့်နှင့်အထက် အငြိမ်းစားဆရာကြီး၊ဆရာမကြီး(၆၂)ဦးတို့အား ငွေသားနှင့်ဂါရဝပြု လက်ဆောင်များကို ခရိုင်ပညာရေးမှူးဒေါ်စန္ဒာဦးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ဂါရဝပြုပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် /ဆက်)