တန့်ယန်း အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိရာတွင် ယမန်နေ့က လုံမုံကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း၌ ဆိုလာစနစ်သုံး ရေသန့်စင်စက် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုလာစနစ်သုံး ရေသန့်စင်စက်ကို မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ၏ အတိုးရငွေဖြင့် 470 W Solar Panel နှစ်ချပ်နှင့် 0.5 HP Dc Pump တစ်လုံးပါဝင်ပြီး ရေသန့်စနစ်ကို 5 Micron Filter, 1 Micron Filter, Carbon Filter နှင့် UF Filter(4x40) ပါဝင်သည့် သန့်စင်စက်ဖြင့် တစ်နာရီကို အရည်အသွေးကောင်းမွန်သော ရေဂါလံ (၂၀၀)ကျော်ခန့် ရေသန့်စင်ပေးနိုင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်အောင်လွင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)