တန့်ယန်း အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ တိုင်းရင်းဆေးတိုက်မှ နဂါးနီအမှတ်တံဆိပ် နန်းတွင်းလျှာပွတ်ဆေးကြီးကို အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုင်းရင်းဆေးအား သမားစဉ်အဆက်ဆက် ဖော်စပ်သုံးစွဲကုသခဲ့ပြီး ရှေးသမားတော်ကြီးများ၏ နည်းမှန်စနစ်မှန်အတိုင်း တိကျစွာဖြင့် ဘယဆေး အစစ်အမှန်များကိုသာ အသုံးပြု စီမံဖော်စပ်ထားခြင်းဖြစ်ပြီး ဝမ်းဖော ဝမ်းရောင် ဝမ်းရစ် ဝမ်းပျက်ခြင်း၊ သွေးတိုးရောဂါနှင့် အားအင်ချိနဲ့ခြင်းများကို သက်သာပျောက်ကင်းစေနိုင်သည့်အပြင် တိုင်းရင်းဆေးစစ်စစ်ဖြစ်သည့်အတွက် လူကို အန္တရာယ်ဖြစ်စေသော ဆေးများနှင့် ဓါတုပစ္စည်းများ မပါရှိသည့်အတွက် လူမျိုးမရွေး ဘာသာမရွေး စိတ်ချစွာ သုံးစွဲနိုင်သည့် ဆေးဖြစ်ကြောင်းနှင့် အမြို့မြို့အနယ်နယ်ရှိ တိုင်းရင်းဆေးဆိုင်များတွင် ရရှိနိုင်ပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)