မင်းဘူး(စကု)မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မင်းဘူး  အောက်တိုဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ အသိပညာပေး ဟောပြောရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား လူငယ်ကလေးများအနေနဲ့ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေမည့် စားအုပ်စာပေများကို ဖတ်ရှုလေ့လာကြရန် လိုအပ်ကြောင်း အသိပညာပေး ပြောကြားကာ ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစား၏အဓိပ္ပာယ်၊ အားကစား အမျိုးအစားများ၊ အားကစားနည်းများကို ထွန်းပေါက်အောင် ကစားခြင်းဖြင့် မိမိနှင့်နိုင်ငံတော်ကို ပြန်လည်အကျိုးပြုစေသည့် အချက်များကို ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွား ကာကွယ်နိုင်ရေးစသော အချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာက လက်ခံရယူ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)