စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်တွေ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်ပြီး မှန်ကန်သည့် အသိပညာများရရှိစေရေး၊ စာရိတ္တဗလဖွံ့ဖြိုးရေးအတွက် စာပေအသိဖြင့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာအုပ်စာပေများကို ငယ်စဥ်အချိန်မှစ၍ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ပိုမိုရရှိစေရေးစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲတွင် စစ်တွေမြို့၊ ကုန်တန်း၊ အ.မ.က(၂)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြသည်။ ထိုနောက် ကျောင်းသား/သူများသည် စစ်တွေခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာလေ့လာခဲ့ကြောင်း သိရသည်။

ဆောင်းဝတီ