Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သံတောင်ကြီးမြို့နယ် (CommunityCentre) ခန်းမတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲဆောင်ရွက်
Oct 13,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းစည်းကမ်းများကို သိရှိစေရန်အတွက် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ အာစရိယပူဇော်ပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများအား ကျောင်းသား၊ ကျောင်းသူများမှ ပူဇော်ကန်တော့ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၆၂၆ ပိဿာအား ရောင်းချပေး
Oct 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယမန်နေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်နှင့်ဆေးဝါးများ သွားရောက်လှူဒါန်း
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် ကျောက်ကြီးစုရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၀၀၀)အတွက် လိုအပ်နေသော အစားအသောက်များ၊ ဆေးဝါးများနှင့်အဝတ်အထည်များ စုစုပေါင်းတန်ဖိုး ငွေကျပ် (၅၆)သိန်းခန့်ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့၊ ပြည်နယ်အတွင်းရှိ မြို့များအား သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Oct 13,2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲ သို့ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်များအား မြစ်ကြီးနားမြို့ ပြည်နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းရုံး၌ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက အဆိုပါအဖွဲ့များ လေ့ကျင့်နေမှုကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့ အမှတ်(၆၈)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အမှတ်(၆၈) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်၊ အမှတ်(၆၈)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အထောင် မူလတန်းကြိုကျောင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်
Oct 13,2023
ကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်၍ အထောင်မြို့၊ မူလတန်းကြိုကျောင်း၏ ကျောင်းမိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေး၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပေးနေမှုများအား ကွင်းဆင်းကြည့်ရှု
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်များကောင်ယူပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့များက ယမန်နေ့ နံနက် (၁၀)နာရီခွဲက ဈေးတန်းရပ်ကွက်ရှိ မြို့ဦးမင်္ဂလာကျောင်းကြီး၌ ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9439
Page
9440
Page
9441
Page
9442
Current page
9443
Page
9444
Page
9445
Page
9446
Page
9447
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department