Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဇီးကုန်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၅၃၃)ဦးအတွက် လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ဒုတိယသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့၌ အသက် ၈၅ နှစ်အထက်ရှိ ဘိုး/ဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုး/ဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Oct 13,2023
မိခင်နှင့်ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်ကစတင်ကာ မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် ဒေသခံတောင်သူများအား တွေ့ဆုံခြင်းနှင့် ၃၃/၁၁ကေဗွီ၊ (၅)အမ်ဗွီအေစစ္စနို့ ဓာတ်အားခွဲရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Oct 13,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက်ပိုင်းက မင်းလှမြို့နယ်သို့ ရောက်ရှိပြီး တောင်ဦးကျေးရွာတွင် ရွှေတောင်-၈ချည်မျှင်ရှည်ဝါစိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ပုံပြောပြိုင်ပွဲ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့၌ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးမှုအောင်ပွဲမင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အလှူငွေ (၂၂၅)သိန်း ပေးအပ်လှူဒါန်း
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးမှု အောင်ပွဲမင်္လာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာလ(၁၁)ရက်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါသာသနာ့ဗိမာန်တော်ကြီး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မူလတန်းကြိုကျောင်း မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ရင်သွေးငယ်များဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ကျောက်ဆည် မူလတန်းကြိုကျောင်း မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ရင်သွေးငယ်များ ဉာဏစွမ်းရည် ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ထက်မြက်သော လူတော် လူကောင်းများ ဖြစ်စေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပ ဆောင်ရွက်
Oct 13,2023
ပွင့်ဖြူ အောက်တိုဘာ ၁၃ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားပြီး ဘက်စုံထူးချွန် ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာနှင့် ကန်ဆွယ်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲများသို့ သွားရောက်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9436
Page
9437
Page
9438
Page
9439
Current page
9440
Page
9441
Page
9442
Page
9443
Page
9444
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department