သံတောင်ကြီး အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းစည်းကမ်းများကို သိရှိစေရန်အတွက် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သံတောင်ကြီးမြို့မစခန်းမှ ဒုရဲအုပ်ဦးကျော်ဇင်လတ်က မီးပွိုင့်များတွင်တပ်ဆင်ထားသော လမ်းဆုံနေရာများတွင် လိုက်နာရမည့်အချက်များ၊ ယာဉ်ကွေ့ရာတွင် သတိပြုရမည့်အချက်များ၊ လမ်းဖြတ်ကူးရာတွင် ဆောင်ရန်/ရှောင်ရန်များ၊ ယာဉ်များကျော်တက်ရာတွင် သတိပြုရမည့်အချက်များ၊ ဆိုးဝါးသော ရာသီဉတုအခြေအနေကြောင့် မြင်ကွင်းရှင်းလင်းစွာမမြင်ရချိန်တွင် ပြုလုပ်ရမည့်အချက်များ စသည့်အကြောင်းအရာများ အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသူ/ကျောင်းသားများက ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် ပတ်သက်၍ သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းရာတာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း sသိရသည်။
နော်နော်မူ