သတင်းများ

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်မြို့နယ် သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇Aခ)တွင် ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် (ပဲစဉ်ငုံ+နေကြာ) သီးညှပ်၊ သီးထပ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများနှင့်တွေ့ဆုံ
Oct 13,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် သရက်မြို့နယ် သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇Aခ)တွင်)ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်(၁၃)ဧကနှင့် မိုးနှမ်းရိတ်သိမ်းပြီး (ပဲစဉ်ငုံ+နေကြာ)သီးညှပ်၊သီးထပ် စိုက်ပျိုးခြင်းစံပြကွက် (၁၁)ဧက ကွင်းသရုပ်ပြပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီက ဆောင်ရွက်ခဲ့သည်။
လွိုင်လင်မြို့နယ်၊ ခဲလောင်းကျေးရွာတွင် ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်  စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောက်လုပ်ခဲ့သော လွိုင်လင်အရှေ့ ကျေးရွာအုပ်စု ခဲလောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်) ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပပါသည်။
နတ်မောက်မြို့နယ်၌ ဒေသခံတောင်သူများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီမှ ဆပ်ခင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ကော်မတီအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျပ်ဆည်ကျေးရွာအုပ်စု၊ ဆပ်ခင်းကြီး ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲ၊ အဆောက်အဉီနှင့်ဝန်ထမ်းအိမ်ယာဆောက်လုပ် ပြီးစီးမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ် ငါးဇင်ရိုင်းကျေးရွာတွင် မိုးချည်မျှင်ဝါ( B-31 )အထူးထွက်တိုးဇုန် ( Pilot Area ) စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Oct 13,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လူမှု့ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးအပြင်၊ ဈေးကွက်ဝင်နိုင်သည့် သီးနှံမျိုးစုံ စိုက်ပျိုးကြရာ ငါးဇင်ရိုင်းကျေးရွာတွင် စိုက်ပျိုးထားသော ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဥပဒေအသိပညာပေးခြင်း ပြုလုပ်
Oct 13,2023
အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍  လူတိုင်းအတွက် ဥပဒေအကာအကွယ်များ သိရှိစေရေးတို့အတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ကျင်းပပြုလုပ်သည်။