သတင်းများ

မြို့သစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြေပြိုခြင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြေပြိုခြင်းအသိ​ပညာပေးလက်ကမ်းစာစောင်များကို ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်က မြို့သစ်မြို့မစျေးအတွင်း လူစည်ကားရာစျေးဆိုင်ခန်းများ၌ ဖြန့်ဝေခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာကပ်ခြင်းနှင့် Mask Campign ပြုလုပ်ခြင်းများ ဆောင်ရွက်
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာကပ်ခြင်းနှင့် Mask Campign ပြုလုပ်ခြင်းများကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က မြို့မစျေးအတွင်းနှင့် လူစည်းကားသည့် နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့် (Women Club) အဖွဲ့တို့ပူးပေါင်း၍ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဝေါမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁:၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအလယ်တန်းကျောင်း အောက်ကွေ့ကြီး၌ ကျင်းပကြောင်း သိရသည်။
အညာတောင်သူတို့၏ ချစ်စရာဓလေ့ဖြစ်သည့် သီးနှံပေါ်ချိန် ထူးခြားသော ပဲဆွမ်း/နှမ်းဆွမ်းအလှူ
Oct 13,2023
အညာတောင်သူတို့သည် တန်ခူး ကဆုန် နွေကုန်ချိန် မိုးဦးအစမှ စ၍ တောင်ယာလုပ်ငန်းခွင် ဝင်ကြရပြီး၊ သီးနှံပေါ်သည့် တော်သလင်း၊ သီတင်းကျွတ် ကာလများအတွင်း အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိပဲ၊ သီးနှံပေါ်ချိန် သန့်စင် သိမ်းဆည်းပြီး ဈေးကွက်တင် ရောင်းချပြီးမှသာ အနားရကြရကြောင်း သိရသည်။ ထိုသို့ အနားရသည်နှင့်တစ်ပြိုင်နက် အညာတောင်သူတို့၏ ပထမဦးဆုံး အလုပ်မှာ လှူရေး၊ တန်းရေး ဖြစ်ပြီး၊ သားရှင်ပြု၊ ရဟန်းခံ/ရှင်ပြု အလှူများအတွက် တိုင်ပင်ဆွေး နွေးခြင်း၊ ရပ်/ရွာဖွံ့ဖြိုးရေး ကိစ္စများ အတွက် တိုင်ပင်ဆွေးနွေး ဆောင်ရွက်ခြင်းများဖြင့် တစ်နှစ်တာ စိုက်ပျိုးသီးနှံမှ ရရှိလာသည့် ငွေကို အကျိုးရှိရှိ အသုံးပြုနိုင်စေရန် ဦးစွာဆောင်ရွက်ကြလေ့ရှိကြောင်းသိရသည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သီတင်းကျွတ်အခါသမယ အာစရိယပူဇော်ပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်းသား၊ ကျောင်းသူများက သီတင်းကျွတ်အခါသမယ အာစရိယပူဇော်ကန်‌တော့ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
ကသာမြို့၌ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်
Oct 13,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် သီးနှံ အခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကသာခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပေါင်းတည်၌အယ်နီညိုနှင့် စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေး
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အယ်နီညိုနှင့် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ ယနေ့နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။