ပျော်ဘွယ်မြို့နယ် ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆိုကျင်းပ

ပျော်ဘွယ် မတ် ၃၁

မန္တလေးတိုင်းဒေကြီး၊ ပျော်ဘွယ်မြို့နယ်၌ သာသနာရေးဦးစီးဌာနမှကျင်းပသည့် ၂၀၂၆ ပါဠိပထမပြန်စာမေးပွဲကို ဖြေဆိုလျက်ရှိရာ မတ်လ ၃၁ ရက် နေ့လယ် ၁၂ နာရီက ရှမ်းပွဲရပ်ကွက်ရှိ မြို့နယ် ရာပြည့်သာသနာ့ဗိမာန်တော်တွင် ဆက်လက်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။

မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂုဏာစာရနှင့် အဖွဲ့ဝင်ဆရာတော်များ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲတွင် သတ်မှတ်နေ့ရက်အလိုက် သက်ဆိုင်ရာဘာသာရပ်များကိုဖြေဆိုကြရမည်ဖြစ်ပြီး ယနေ့ကျင်းပဖြေဆိုသည့် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်၌ အခြေပြုမူလတန်းတွင် ၆၂ ပါး၊ ပထမငယ်တန်းတွင် ၁၇ ပါး၊ ပထမလတ်တန်းတွင် ၁၂ ပါး၊ ပထမကြီးတန်းတွင် ၂ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်လူပုဂ္ဂိုလ်များက လိုအပ်သည်များကို ပူးပေါင်းကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)