သာစည်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို

သာစည် မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်၌   မြို့နယ်သံဃာ့နာယကဆရာတော်ကြီး များ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို အမှတ်(၃)ရပ်ကွက်ရှိ၊ နှစ်ကျိပ်ရှစ်ဆူ ကျောင်းတိုက်စာဖြေဌာန၌ မတ် ၃၀ ရက် မွန်းတည့် ၁ နာရီက ဒုတိယနေ့ကစ္စည်းသဒ္ဒါကြီးဘာသာရပ် ဆက်လက်ဖြေဆိုလျှက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများက အချိုရည်နှင့် လှူဖွယ်ဝတ္ထုများ  ကပ်လှူသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲ  ဒုတိယနေ့ ကစ္စည်းဘာသာရပ်၏  ပထမကြီးတန်းတွင် သံဃာတော် (၇) ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၄) ပါး၊ ပထမငယ်တန်းတွင် သံဃာတော် (၁၂) ပါး၊ အခြေပြုမူလတန်းတွင် သံဃာတော်(၁၈)ပါး၊ သီလရှင်(၁)ပါး၊ စုစုပေါင်း(၄၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)