ငဖဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ငဖဲ  မတ် ၃၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်မှူးဦးဆောင်သောဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားသောနေရာများတွင် ပြည်သူများ လျှပ်စစ်ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် သတိပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖြန့်ဝေပေးသည်။

အဆိုပါသတိပေးလက်ကမ်းစာစောင်တွင် မီးပျက်သွားလျင်၊ အပြင်သွားလျှင် (Main Switch)ချဖို့ (ပိတ်ဖို့) လုံးဝ(လုံးဝ)မမေ့ပါနှင့် စာသားပါရှိပြီး မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်မင်း ဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများလျှပ်စစ်မီး ကိုင်တွယ်သုံးစွဲရာ၌ သတိပြုရမည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် နေအိမ်များတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းဆွေးမြည့်ပါက အသစ်လဲလှယ်အသုံးပြုရန် ၊ အပြင်သွားပါက (Main Switch)ချဖို့ (ပိတ်ဖို့) လုံးဝမမေ့ရန်တို့ကို အသိပညာပေးပြောကြားပြီး မြို့ပေါ်ရပ်ကွက် လူနေအိမ်များရှေ့ အများပြည်သူမြင်သာသောနေရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးစာစောင်များကို ဖြန့်ဝေကပ်နှံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)