မိုင်းတုံမြို့၌ (၄၀) ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲတော် ကျင်းပ
Nov 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် (၄၀) ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲတော်ကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ပူးပေါင်း၍ မြို့လယ်ဓမ္မာရုံတွင် နံနက် ၆ နာရီ ခွဲ၌ ပဒေသာပင်များစု၍ နံနက် ၇ နာရီ ၂၀ မိနစ် အချိန်တွင် မြို့လယ်ဓမ္မရုံမှ စ၍ နောင်ပါရင်ရပ်ကွက်ရှိထုံဖိုလမ်းမှ မြို့လယ်မိန်းလမ်းအတိုင်း ဆင်းသက်လာပြီး ပန်းခြံထောင့်မှ လေယာဉ်ကွင်းလမ်း၊ ဝမ်မိုင်ဘုန်းကြီးကျောင်းဘေးမှ မြို့လယ်လမ်းမှ ပြန်ဆင်ပြီး ရှုမဝလမ်းအတိုင်း လှည့်လည်၍ ပဒေသာပင်များကို မြို့မရွှေစေတီဘုန်းကြီးကျောင်းဝန်းရှိ ငွေရတုဓမ္မရုံ၌ ရပ်နားပြီ ယနေ့ နံနက် ၁း၀၀ နာရီ အချိန်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာနေ ပြည်သူများ စုပေါင်းကာ (၄၀) ကြိမ်မြောက် စုပေါင်းဘုံကထိန် ပဒေသာပင်များကို အုပ်စုဖွဲ့၍ ပဒေသာပင် (၂၂)ပင် သီခဲ့သည့် ပဒေသာပင်များကို မြို့မဘုန်းကြီးကျောင်းတွင် ရေစက်ချ/စာရေးတံမဲ ပြုလုပ်၍ မိုင်းတုံမြို့နယ်အတွင်းရှိ ဘုန်းကြီကျောင်း (၁၉) ကျောင်းသို့ ကျသည့် ဘုန်းကြီးကျောင်းကို ကိုယ်တိုင်သွားရောက်လှူဒါန်းသည့် အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။