ညောင်တုန်းမြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲစည်ကားသိုက်မြိုက်စွာကျင်းပ

 ညောင်တုန်း နိုဝင်ဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသည် ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော အထင်ကရဘာသာရေးပွဲတော်တစ်ခုဖြစ်ကာ ယခုနှစ်သည် (၅၀)ကြိမ်မြောက်ဖြစ်ပြီး မြို့သူမြို့သားများ ရောဂါကင်းရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပဌာန်းဒေသနာများရွတ်ဖတ်ပူဇော်ကာ မြို့ပေါ်(၁၀)ရပ်ကွက်ရှိ ယာယီစံကျောင်း‌တော်မှ အပူဇော်ခံထားရှိသည့်နှစ်ကျိပ်ရှစ်ဆူဘုရားများအားမြို့တွင်းသို့ ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံခဲ့သည်။

ထို့အတူ ဘုရား‌၊ ကျောင်းကန်၊ စေတီများတွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပဌာန်းဒေသနာများရွတ်ဖတ်ပူဇော်ခြင်းများနှင့်ပျော်ပွဲရွှင်ပွဲများအဖြစ် ပွဲလမ်းသဘင်များ၊ ဈေး‌ဈေးရောင်းပွဲ တော်များဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ‌ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)