သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့အဝင်ဂိတ်များ လုံခြုံရေးဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
Apr 12,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်လွိုင်ကော်အား မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာ လှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကျောက်ဆည်မြို့နယ်၌ သီးနှံစုံ (၅၂၇၁၅) ဧက လျာထားပြီး (၅၂၇၁၉) ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကအတွက် (၄) ဧက ပိုမိုစိုက်ပျိုးနိုင်
Apr 12,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ရေရရှိရေးနည်းလမ်းဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စီမံကိန်းသီးနှံမျိုးစုံ (၅၂၇၁၅) ဧက လျာထားပြီးစိုက်ပျိုးလျက်ရှိရာ (၅၂၇၁၉) ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် (၄) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Apr 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သည့် ဆေးဝါးများ ကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ဒေသန္တရ ဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေဆိပ်ဖြူ ယောချောင်းလမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်
Apr 12,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ယောဝရက်ကွက် ဧရာဝတီမြစ်နှင့်ယောချောင်းဆုံရပ်တွင် မြန်မာရိုးရာအတာသင်္ကြန် ရွှေဆိပ်ဖြူလမ်းလျှောက်သင်္ကြန်ပွဲတော် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆောင်ရွက်
Apr 12,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အ.ထ.က(ဆီဆိုင်)ကျောင်းရှေ့ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေး၌ ရေကစားမဏ္ဍပ်နှင့် စတုဒိသာကျွေးမွေးဧည့်ခံမည့် နေရာများအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
နတ်မောက်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း
Apr 12,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းစည်းအဝေး ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။
မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌  မသန်းစွမ်းသူများအား ထောက်ပံ့ငွေများပေးအပ် 
Apr 12,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌  မသန်းစွမ်းသူများအား ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက 62 Hotel တွင် ကျင်းပသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်
Apr 12,2026
မြန်မာသက္ကရာဇ် ၁၃၈၇ ခု ခရစ်နှစ် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ရက် ညနေပိုင်းတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်ခြင်းကို ချမ်းအေးသာစံမြို့နယ် ၂၆လမ်း၇၁လမ်းနှင့်၇၂လမ်းကြားရှိ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရှေ့တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။