သတင်းများ

မိုင်းတုံမြို့၌ (DM Summer cup) အမျိုးသားအလွတ်တန်းကလပ်‌ ပေါင်းစုံဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ
Apr 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်း၌ ယမန်နေ့ညနေ(၃)ခွဲက (DM Summer cup) အမျိုးသားအလွတ်တန်း ကလပ်‌ပေါင်းစုံ ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်း ကျော်နှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊‌ ပြည်သူများတက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်
Apr 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စံပယ်လမ်းတွင် ဧ ပြီလ ၁၁ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်များပျက်စီးမှု ဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ပံ့ပိုးပစ္စည်းများကို ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ စွန်းလွန်းဘုန်းတော်ကြီးကျောင်း၌ ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်
Apr 12,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ကျင်းပပြုလုပ်မည့် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုယိမ်းအကများ၊ ခေတ်ပေါ်တေးဂီတနှင့် သီဆိုဖျော်ဖြေမှုများ၊ စတုဒိသာကျွေးခြင်းများ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေး
Apr 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မဟာသ​င်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဗဟိုမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နှင့် လမ်းလျောက်သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ပြီးစီးမှုအား ယနေ့နံနက်(၁၀) နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ သင်္ကြန်‌ပွဲတော် ကျင်းပမည်
Apr 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကများ စတုဒိသာကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌သည်။
ဝါးခယ်မမြို့နယ်၌ နွေစပါးရိတ်သိမ်းလျက်ရှိသည့် တောင်သူများအား စက်သုံးဆီများ ဖြန့်ဖြူးရောင်းချ
Apr 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများမှ နွေစပါးရိတ်သိမ်းလျက်ရှိသည့် တောင်သူများအား စက်သုံးဆီများစနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
တာမွေမြို့နယ်၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ချီးကျူးဂုဏ်ပြု ပူဇော်ပွဲကျင်းပ
Apr 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် တာမွေမြို့နယ်အတွင်းရှိ နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
လားရှိုးမြို့တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ပြင်ဆင်ထားရှိ 
Apr 12,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ အမှတ် ၁ သီရိမဟာရပ်ကွက်၊ နယ်မြေ ၆ ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖြင့် စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်‌‌ရေး ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ပြင်ဆင်ထားရှိမှုအ‌ခြေအနေများအား ယမန်‌နေ့က တာဝန်ရှိသူများက ကြည့်ရှုစစ်‌ဆေးသည်။