သတင်းများ

ပြည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား အေးချမ်း‌ပျော်ရွှင်စွာ ဖွင့်လှစ်ဆင်နွှဲ
Apr 13,2026
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၉နာရီကစ၍ မြို့အလယ် ဗိုလ်ချုပ်ကျောက်ရုပ်အနီး၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့ဖြင့် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာဆင်နွှဲလျက်ရှိသည်။
မဟာသင်္ကြန်အကြိုနေ့မနက်ပိုင်းတွင် ဘိုကလေးမြို့နယ်မှ ဘုရားစေတီ ကျောင်းကန်များ၌ ဥပုသ်သီလခံယူဆောက်တည်သူများပြား
Apr 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ကျောင်း၊ကန် များတွင် ယနေ့ ၁၃၈၇ခုနှစ် မဟာသင်္ကြန်အကြိုနေ့နံနက်ပိုင်း၌ လူကြီး၊ လူငယ် အရွယ်စုံလင်စွာဖြင့် ဥပုသ်သီလခံယူဆောက်တည်ကြသူများ များပြားလျက်ရှိသည်။
မြင်းခြံမြို့၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Apr 13,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့၌ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီတွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ငါန်းဇွန်မြို့နယ်တွင် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ
Apr 13,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဧပြီလ(၁၂)ရက် နံနက် (၈) နာရီမှစတင်၍  ညနေ(၄)နာရီထိ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏  စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင် ကြီးများအသင်းမှ မြို့ပေါ်(၄)ရပ်ကွက်ရှိ  အိမ်ထောင်စုဝင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီတစ်ပိဿာ ကျပ် (၈၂၀၀) နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ကလပ်အသင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
Apr 13,2026
၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈)နှစ်အောက် ကလပ်အသင်း ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ မတ် ၂၅ ရက်က စတင်ကျင်းပရာ ဧပြီ ၁၂ ရက် ညနေ ၃ နာရီ တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဘောလုံးကွင်းအတွင်း၌ ကျင်းပသည်။
ကချင်ပြည်နယ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ၌ လိုအပ်ချက်နှင့် လစ်ဟာမှုများမရှိစေရေးညှိနှိုင်းဆောင်ရွက်
Apr 13,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဧပြီ ၁၂ ရက် ညနေပိုင်းက ဧပြီ ၁၃ ရက်တွင် ကျင်းပားမည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဖြူးပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော လူနာများအား ကုသ​ပေးနိုင်ရေး ပြင်ဆင်ထားရှိ
Apr 13,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင် ပူပြင်းသည့် နွေရာသီကာလ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသော လူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်(အကြိုနေ့) အန္တရာယ်ကင်း  ပရိတ်ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်
Apr 13,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (အကြိုနေ့) အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီက ပုဏ္ဏဝတီလမ်းမကြီး၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။