ကျောက်ဆည်မြို့နယ်၌ သီးနှံစုံ (၅၂၇၁၅) ဧက လျာထားပြီး (၅၂၇၁၉) ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကအတွက် (၄) ဧက ပိုမိုစိုက်ပျိုးနိုင်

ကျောက်ဆည် ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ရေရရှိရေးနည်းလမ်းဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စီမံကိန်းသီးနှံမျိုးစုံ (၅၂၇၁၅) ဧက လျာထားပြီးစိုက်ပျိုးလျက်ရှိရာ (၅၂၇၁၉) ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် (၄) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။

နွေသီးနှံမျိုးစုံလျာထားစိုက်ပျိုးရာ၌ တိုက်နယ်(၁)တွင် (၈၁၁) ဧက၊ တိုက်နယ်(၂)တွင် (၄၂၅၉) ဧက၊ တိုက်နယ်(၃) တွင် (၅၇၈၂) ဧက၊ တိုက်နယ်(၄)တွင် (၄၃၆၈) ဧက၊ တိုက်နယ်(၅)တွင် (၆၀၈၁) ဧက၊ တိုက်နယ်(၆)တွင် (၄၃၈၈) ဧက၊ တိုက်နယ်(၇)တွင်စိုက်ပျိုးနိုင်ခြင်းမရှိကြောင်းနှင့် တိုက်နယ်(၈)တွင် (၆၀၃၅) ဧက၊ တိုက်နယ်(၉)တွင် (၄၆၄၀) ဧက၊ တိုက်နယ်(၁၀)တွက် (၅၅၃၅) ဧက၊ တိုက်နယ်(၁၁)တွင် (၅၁၈၂) ဧက၊ တိုက်နယ်(၁၂)တွင် (၅၆၃၈) ဧက စုစုပေါင်း (၅၂၇၁၉) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

လျာထားနွေစပါးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေသည့် ရေမြောင်းများအလိုက်  စိုက်ပျိုးရေများ အလှည့်ကျရေပေးဝေရေးစနစ်ဖြင့် ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)