တပ်ကုန်း ဒီဇင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မွေးစမှ ၂ နှစ်ထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါရပ်ကွက်တွင် သားဖွားဆရာမ ဒေါ်ထားထားလွင်နှင့် ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀ ဦး၊ အသက်မွေးစမှ ၂ နှစ်ထိ ကလေးသူငယ် ကျား ၃၂ ဦး၊ မ ၄၁ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဝက်သက်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေကာကွယ်ဆေး ထိုးနှံခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်