တံတားဦး ဒီဇင်ဘာ ၁
တံတားဦးမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးနှင့် ဒေသတွင်းဆန်စပါး စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် စိုက်ပျိးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုအခါ အချို့တောင်သူများက မိုးစပါးစိုက်ခင်းများ သီးနှံပိုမိုအထွက် တိုးစေရန် မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါမကျစေရန် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးပါးများ အထွက်နှုန်းတိုးပွားစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် ဒေသအတွင်းရှိ တောင်သူများ လုပ်ငန်းဆောင်ရွက်မှုတွင် စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက်ကွင်းဆင်းဆောင်ရွက်ကြပြီး မိုးစပါးအထွက်နှုန်း တိုးပွားကောင်းမွန်ရေးတို့အတွက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေး ကြောင်းသိရသည်။ ယခုနှစ် တံတားဦးမြို့နယ်တွင် မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ မဂျမ်းဆတာ စသည့် စပါးများစိုက်ပျိုးထားကြောင်းလည်းသိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ယခုနှစ် မိုးရာသီတွင် ဒေသခံတောင်သူများက (၁၄၅၇၅ )ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်း ထံမှသိရသည်။
ရဲတင့်(ပြန်/ဆက်)